-ကိုလိုနီခေတ်က ရန်ကုန်မှာ အထက်တန်းလွှာတွေနဲ့ အပတ်စဉ် ပိတ်ရက်တိုင်း တွေ့ဆုံဖြစ်ကြတာကတော့ မြင်းပြိုင်ကွင်းတွေမှာပဲဖြစ်ပါတယ်..။ မြင်းစီးအားကစားကို အင်္ဂလိပ်လူမျိုးများက ၂၀ ရာစုအစောပိုင်းမှာ ရန်ကုန်မြို့ပေါ်ကို ယူသွင်းလာကြတာဖြစ်ပါတယ်။
-မြင်းစီးအားကစားနဲ့ မြင်းပြိုင်ကွင်းတွေကို သွားရောက်တာဟာ ဂုဏ်သရေရှိမိသားစုများသာ ပြုလုပ်တဲ့ အထိမ်းအမှတ်တစ်ခုအဖြစ်လည်း သတ်မှတ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ကာလတွေမှာ ရန်ကုန်က လူချမ်းသာများဟာ ကိုယ်ပိုင်မြင်းတွေကို ဝယ်ယူပြီး ပရော်ဖက်ရှင်နယ် မြင်းစီးသမား (ဂျော်ကီ) များကို စီးနင်းစေကာ ပြိုင်ပွဲဝင်တဲ့အလေ့အထတစ်ခုရှိကြပါတယ်။
-လက်ရှိ ကျိုက္ကဆံ မြင်းပြိုင်ကွင်းဟာ ကိုလိုနီခေတ်များအတွင်းက Rangoon Turf Club လို့ခေါ်တွင်တဲ့ မြင်းပြိုင်ကွင်းတစ်ခုပါ။ ၁၈၈၇ နှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခင်က မိုင်ဒါကွင်းနေရာမှာထားရှိခဲ့ပါတယ်။ နာမည်ကျော် သဌေးကြီး လင်ချင်းချောင်းက ဒီကလပ်ရဲ့ ဥက္ကဌဖြစ်ခဲ့ပါသေးတယ်။
-၁၉၂၆ မှာတော့ ပြိုင်ကွင်းကို ကျိုက္ကဆံသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကျိုက္ကဆံမြင်းပြိုင်ကွင်းကို အချိန် ၇ နှစ် ကြာအောင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က လူဖြူများသာ သွားလာကြတဲ့ အခြားသော ကလပ်များနဲ့ မတူတာကတော့ Turf Club ဟာ နိုင်ငံခြားသား လူဖြူမဟုတ်သူများကိုပါ ဝင်ခွင့်ပေးတာပါပဲ။
-ကိုလိုနီခေတ်သာမက လွတ်လပ်ရေးရခါစ အချိန်တွေအထိ မြင်းပြိုင်ပွဲတွေဟာ အလွန် ခေတ်စားခဲ့ပါတယ်။ မြင်းပြိုင်ကွင်းရဲ့ မနီးမဝေးမှာ သူဌေးကြီးတွေဟာ ခြံအကျယ်ကြီးတွေနဲ့ ပြိုင်မြင်းပေါင်းများစွာကို မွေးမြူလေ့ကျင့်ခဲ့ကြပါတယ်။ အနိုင်ရတဲ့ မြင်းတွေ ၊ ဂျော်ကီ(မြင်းစီးသမား) တွေဟာ အလွန်မျက်နှာပွင့်ပါသတဲ့။
Credit photos to original owners
Source: တာမွှေ လမ်းညွှန်
ရန်ကုန်မြို့ရဲ့ အငွေ့အသက်များကို အတူတူမျှဝေခွင့်ပြုပါ
Pre Booking တင်ချင်သူများအနေနှင့် ဖုန်းနံပါတ် 09883088891, 09883088892 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..။
“Take Your Time and Stay at Hotel Vivid”
Address : No164, West Shwe Gone Daing Road, Yangon, Myanmar.