Entry-header image

“ရန်ကုန်မြို့က အိန္ဒိယဘုရင့် ဂူဗိမ္မာန်တော်”

အနှစ်တစ်ရာကျော် မေ့ပျောက် ခံနေရတဲ့ မဂို ဘုရင် ဇဖာရှားရဲ့ သင်္ချိုင်းကို ပြန်တွေ့ခဲ့တာဟာ သူ့ကို သူတော်စင် အဖြစ် ကြည်ညိုသူတွေ၊ အူရဒူ ကဗျာဆရာကြီး အဖြစ် လေးစားသူတွေ အတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။

သူ့ကို ဒေလီမြို့ကနေ ဗြိတိသျှ တွေ ဖမ်းခေါ်လာပြီး အဲဒီတုန်းက သူတို့ သိမ်းထားကာစ မြန်မာနိုင်ငံ အောက်ပိုင်းက ရန်ကုန်မြို့ကို ပို့ပစ်ခဲ့ပါတယ်။

၁၈၅၈ခုနှစ် ဗြိတိသျှကိုလိုနီ လက်အောက်ရောက်နေချိန်ကာလမှာ အိန္ဒိယနိုင်ငံ ရဲ့ မဂိုလ် နောက်ဆုံး ဘုရင် မျိုးဆက် “Raj Bahadur Shah Zafar” ကို သူ့မိသားစုနဲ့ အတူတူ ရန်ကုန်မြို့ကို နယ်နှင်ဒဏ်ပေးခံခဲ့ရတာဖြစ်ပါတယ်။

ဘုရင်ဟာ ကဗျာဆရာတစ်ဦးလည်း ဖြစ်ပြီး သူဖြတ်သန်းခဲ့ရတဲ့ နောက်ဆုံး နေ့တွေက လွမ်းမောစိတ်ဝင်စားစရာကောင်းလှပါတယ်။

အကျဉ်းစံ ဘဝမှာတောင် ကဗျာတွေ ရေးဖို့ စာရွက် နဲ့ ကလောင်တံ တောင်းတာ မပေးကြတဲ့ အတွက် မီးသွေးနဲ့ နံရံတွေမှာ ကဗျာတွေ ရေးစပ်ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်တဲ့..။

အဲ့ထဲက ကဗျာတချို့ကိုလည်း သူ့ရဲ့ အုတ်ဂူမှာရေးထွင်းပေးထားပါသေးတယ်။

သူမကွယ်လွန်ခင် ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို ဖော်ပြရရင်….

“နားဆင်စရာ တက်ကြွမာန်ပါတဲ့ သီချင်းတစ်ပုဒ်တော့မဟုတ်ပေမယ့်…

ငါဟာမချိတင်ကဲဝေဒနာရဲ့အသံ ၊ ကြီးမားလှတဲ့ ပူဆွေးသောကရဲ့အော်သံ

သေဆုံးဖို့အတွက် မွေးဖွားလာတဲ့ဘ၀အတွက် နေဝင်ချိန်ကနီးလာပြီလေ…

ဂူအမိုးအောက် ငြိမ်းချမ်းစွာနဲ့ ငါလှဲလျောင်းရမှာပါ”

သူ သေဆုံးတဲ့ အချိန်မှာ ဂူဗိမ္မာန်တည်ဆောက်ပြီး လူသူသိပ်မသိခဲ့ကြပေမယ့် အုတ်ဂူကို ရောင်စုံပန်းတွေ ၊ အလံတွေနဲ့ လှပစွာထိန်းသိမ်းထားခဲ့ပြီးနောက်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံက တာဝန်ရှိသူတွေ လာရောက်အရိုအသေပေးလေ့ရှိပါတယ်။

📬Location : ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်းအနီး ၊ အမှတ် ၆ ဇီ၀က လမ်း ၊ ရန်ကုန်မြို့

Source : MM Time

Photo From – Indian Vagabond

ရန်ကုန်မြို့ရဲ့ အငွေ့အသက်များကို အတူတူမျှဝေခွင့်ပြုပါ 🙏

Pre Booking တင်ချင်သူများအနေနှင့် ☎ ဖုန်းနံပါတ် 09883088891, 09883088892 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..။

💙“Take time to relax”

📬Address : No164, West Shwe Gone Daing Road, Yangon, Myanmar.

Leave a Reply

Your email address will not be published. Required fields are marked *