လင်ချင်းချောင်း (၁၈၆၇-၁၉ ၂၃) သည် အောင်မြင်ကျော်ကြားသော တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သည်။ တရုတ်ပြည်ရှိ အမွိုင်(Amoy) ဟုခေါ်သော မြို့တွင် မွေးဖွားပြီး စိန့်ပေါလ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်မြင်းပြိုင်ကွင်း ပိုင်ရှင် ဖြစ်ပြီး ဗမာပြည် ဥပဒေပြုကောင်စီ အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။
၁၉၁၈ ခုနှစ်တွင် အနောက်တိုင်းနှင့် တရုတ်ရိုးရာ ဗိသုကာလက်ရာများ ရောယှက်ထားသည့် ခမ်းနားသော စံအိမ်ကြီးကို ၂၂ သိန်းကျပ် (ရူပီး) ၂သန်းကျော် အကုန်အကျခံကာ ဆောက်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်..။
ရူပီးငွေ ၂သန်း ကျော်ကုန်ကျခဲ့တဲ့ …. ချင်းချောင်းနန်းတော်ကြီးကို ၁၉၁၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ကာ… ၁၉၁၉ ခုနှစ်မှာတော့ ပြီးစီးခဲ့ပြီး ၂၀၁၉ ခုနှစ်လောက်က နှစ်၁၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ အနောက်တိုင်း ဗိသုကာလက်ရာတွေ ရယ် တရုတ်မင်းဆက် စံအိမ်တော်တွေရဲ့ ဗိသုကာလက်ရာတွေ နဲ့ ချင်းချောင်းနန်းတော်က သူ့ခေတ်နဲ့သူ့အခါတုန်းကတော့ ခန်းနားလှတဲ့ အဆောက်အဦးလည်း ဖြစ်ခဲ့ပါတယ်။ ချင်းချောင်း နန်းတော်ကြီး ဆောက်လုပ်ပြီး ၃နှစ်အကြာမှာတော့ သူဌေးကြီးလင်ချင်းချောင်းက ဆုံးပါးခဲ့ပါတယ်။
အတွင်းနံရံဆေးရေးပန်းချီများကို အင်္ဂလိပ်လူမျိုး ပန်းချီဆရာများ ဖြစ်သော အာ့န်စ်နှင့် ဒေါ့ ပရော့တာ (Ernst and Dod Proctor) တို့က ရေးဆွဲခဲ့သည်။ ယနေ့တွင်မူ ထိုနန်းတော်မှာ အနုပညာကျောင်းအဖြစ် ဆက်လက် တည်ရှိနေသည်။
လင်ချင်းချောင်းနန်းတော်ဟာ နှစ်၁၀၀ ကျော်သက်တန်းရှိပြီတော့ … ကန်သာယာ ပန်းခြံ အနီး ၊ ကမ္ဘာအေးလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်.။
Source: အမေ့ခံအတိတ်
Photo Credit : Irrawaddy , Frontier , MM Time
ရန်ကုန်မြို့ရဲ့ အငွေ့အသက်များကို အတူတူမျှဝေခွင့်ပြုပါ
Pre Booking တင်ချင်သူများအနေနှင့် ဖုန်းနံပါတ် 09883088891, 09883088892 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..။
“Take time to relax”
Address : No164, West Shwe Gone Daing Road, Yangon, Myanmar.